30 Dec 2008

လောကရဲ့ဒဏ် ကြံ့ကြံ့ခံ

လောကဓံတရားရှစ်ပါးဖြစ်သည့် လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြွေအရံပေါခြင်း၊ အခြွအရံ မရှိခြင်း၊ အချီးအမွမ်းခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ချမ်းသာနှင့်ပြည့်စုံစွာနေနိုင်ခြင်း၊ ဆင်းရဲခြင်းနှင့် ရင်ဆိုင်ရခြင်းစသည့် လောကဓံတရားများသည် မလွတ်မလပ် ဒလစပ် ကြုံတွေ့ရသည်မှာ လောက၏ ဖြစ်စဉ်ဓမ္မတာပင်ဖြစ်ပေသည်။ ထိုသို့ အကောင်းလောကဓံ၊ အဆိုးလောကဓံ တစ်လှည့်စီ ရိုက်ခတ်နေကြရာ အကောင်းနှင့် ကြုံတွေ့ရလို့လည်း မမြောက်ကြွရာ၊ အဆိုးနှင့် ကြုံတွေ့ရလို့လည်း စိတ်ဓာတ်မကျလေရာ။

အကောင်းနှင့် ကြုံတွေ့ရခြင်းသည် ကုသိုလ်အကျိုးပေး ကုသိုလ်ခွေးကိုက်သည်မည်၏။ အဆိုးနှင့်ကြုံတွေ့ရခြင်းသည် အကုသိုလ်အကျိုးပေး အကုသိုလ်ခွေး ကိုက်သည်မည်၏။ လောကသဘောသက်သက် တွေ့ကြုံရမြဲဓမ္မတာပင်ဖြစ်သည်ဟူ၍ ဉာဏ်ဖြင့်ဆင်ခြင်ရာ၏။ အမြဲမရှိခြင်း အနိစ္စ၊ ဆင်းရဲခြင်းဒုက္ခ၊ အနှစ်သာရမရှိခြင်း အနတ္တသဘောတရားတို့သာ ထင်ရှားတွေ့မြင်ရမည်ဖြစ်၏။

အပြည့်အစုံသို့

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

အလှူအားလုံးတွင် တရားအလှူသည်သာအမြတ်ဆုံးဖြစ်ပေသည်။ သေခြင်းတရားထက် ဆင်းရဲမည်သည် မရှိ။ တရားသည်ကား မသေရာကို ညွှန်ပြခြင်းဖြစ်၏။ မသေရတာလောက် ချမ်းသာမည်သည် မရှိ။


ထို့ကြောင့် မသေရာသို့ ပို့ဆောင်ပေးသည့်တရားအလှူကား အမွန်မြတ်ဆုံးပင်ဖြစ်၏။

အပြည့်အစုံသို့

8 Jan 2008

နှလုံးသွင်းမှန်ဘို့ အရေးကြီး...

မြေပဲစံမထည့်ပဲ ဆီရအောင် ကြိတ်နေခြင်းသည် အချိန်သာကုန် လူပင်ပန်းရုံသာဖြစ်မည်။ ဆီကား ထွက်လာလိမ့်မည် မဟုတ်ပေ။

ဆိုလိုသည်ကား နှလုံးသွင်းမမှန်ပဲ တရားအားထုတ်ခြင်းသည် အချိန်ကုန် လူပင်ပန်ပြီး တရားရလိမ့်မည် မဟုတ်ချေ။

အပြည့်အစုံသို့