21 Oct 2007

ဘ၀ရှင်းအောင်...

အတွေးရှင်းမှ အမြင်ရှင်းတယ်။ အမြင်ရှင်းမှ စိတ်ရှင်းတယ်။ စိတ်ရှင်းမှ အလုပ်ရှင်းတယ်။ အလုပ်ရှင်းမှ ဘ၀ရှင်းတယ်။

သူဘယ်သူလဲ၊ ငါဘာလဲ၊ အတွေးကဘဲ ဖန်တီးတယ်။ အတွေးမတူ အမြင်မတူ၊ စိတ်မတူ လူမတူ ကွဲပြားတယ်။
ဆရာတော်အရှင်အာစာရာလင်္ကာရ(နိုင်ငံတော်ဘွဲ့တံဆိပ် ၉-ခုရ)

အပြည့်အစုံသို့

ကံအကျိုးပေးအပါယ်...

လောဘ ဒေါသ မောဟတွေ၊ မာနတွေ၊ ဒိဋ္ဌိတွေစတဲ့ တရားတွေဝင် လာပြီဆိုတာနဲ့ ဟော…

သေသည်၏အခြားမဲ့၌ အပါယ်ကျမယ်။ ဒီဘ၀ အထက်တန်းကျ ကျ မျက်နှာပန်းလှလှနဲ့ ၀မ်းသာစရာ ကောင်းပါရဲ့။ တကယ်သေတဲ့ အခါကျတော့ အလောင်းလှသုဿာန်၊ ကံအကျိုးပေးကအပါယ် ဆိုရင် ကောင်းပါ့မလား။
ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး

အပြည့်အစုံသို့

ဥာဏ်မဦးခင် အသေဦးသွားရင်…

ကိုယ်ကျိုးလှလှ နည်းပါလိမ့်မည်။ ဒါ့ကြောင့် မအိုခင်၊ မနာခင်၊ မသေခင် တခြားလုပ်ရမှာလား။ တရား အားထုတ်ရမှာလား။

- မအိုသေးခင်၊ တရားဝင်၊ အဆင်ပြေလှသည်၊ အိုသောခါမှ၊ တရား မရ၊ မှားကြပါလိမ့်မည်။
- မနာသးခင်၊ တရားဝင်၊ အဆင်ပြေလှသည်၊ အိုသောခါမှ၊ တရား မရ၊ မှားကြပါလိမ့်မည်။
- မသေသေးခင်၊ တရားဝင်၊ အဆင်ပြေလှသည်၊ အိုသောခါမှ၊ တရားမရ၊ မှားကြပါလိမ့်မည်။
ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး

အပြည့်အစုံသို့

လူသားတို့ရဲ့စိတ်ဆိုတာ...

နှလုံးသားမှာ ဘုရားတည်မပေးရင် လမ်းဘေးမှာရှိနေတဲ့ အမှိုက်ပုံး ကြီးလို ဖြစ်နေတတ်တယ်။ အမှိုက်ပုံတို့၊ အမှိုက်ပုံးတို့ဆိုတာ ထား တာကလည်း လမ်းဘေးမှာ၊ ရည်ရွယ်ချက်ကလည်းအမှိုက်ထည့် ဘို့ဆိုတော့ တွေ့တဲ့သူတွေက ကြုံရာအမှိုက်တွေထည့်သွားတယ်။

အမှိုက်တွေထည့်သွား၊ တံတွေးအညစ်အကြေးတွေ စွန့်သွား၊ ကွမ်းသွေးတွေ ထွေးသွား၊ ကောင်းတာတစ်ခုမှ မထည့်ပါဘူး။ ဒါမျိုး လိုဘဲ ပုထုဇဉ်တို့ရဲ့ စိတ်နှလုံးခန္ဓာအစဉ်ဟာလည်း နှလုံးသားထဲ တရားထည့်မပေးရင် အမှိုက်ပုံးကြီးလိုဖြစ်နေတယ်။ အမှိုက်က သူများတွေ လာထည့်တာမဟုတ်ဘူး။ ကိုယ့်ဟာကို ထည့်နေတာ။ လောဘက အမှိုက်တွေလာထည့်၊ ဒေါသက အမှိုက်တွေလာထည့်၊ ဣဿာ မစ္ဆရိယစတဲ့ ကိလေသာတွေကအမှိုက်တွေ လာထည့် တော့ နှလုံးသားထဲ တရားမထည့်ရင် အမှိုက်တွေ ရှုပ်ထွေး ပြည့်ကျပ်နေတယ်။
ကျေးဇူးတော်ရှင် တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက
(ယော)ဆရာတော်ဘုရားကြီးအရှင်သီရိန္ဒာဘိဝံသ

အပြည့်အစုံသို့