11 Dec 2012

သတိ နှင့် ပညာ

သတိတရားသည် တည့်မတ်စွာ လျှောက်လှမ်းနိုင်ဖို့ အရေးကြီးသော သော့ဖြစ်၏။ မည်မျှ ကွေ့ကောက်ပိတ်ပင်ထားသော မောဟအမှောင်ထု ကိလေသာမုန်တိုင်းကြီးတွင်း ရောက်နေပါစေ  သတိဖြင့် စူးစိုက်ကြည့်ရှု၍ ပညာလက်နက်ဖြင့် ဖြိုခွင်းလိုက်ပါက အမှောင်ထု၏နောက်ကွယ်မှ အလင်းဓာတ်ကို မြင်ရမည်ဖြစ်ပေသည်။ ထို သတိ ပညာ နှစ်ပါးသည် ဒွန်တွဲပြီးနေရမည့်တရားများဖြစ်၏။ သတိက စူးစူးစိုက်စိုက် ကြည့်ရှုတတ်ပြီး ပညာက အပိုင်းပိုင်း ခွဲခြားတတ်သောကြောင့် သာမာန်အားဖြင့် မမြင်နိုင်သည့် မသေသဘော အမတဓာတ်ကိုပင် မြင်နိုင်လေသည်။

အပြည့်အစုံသို့