4 Dec 2007

သေသူနှင့်ရှင်သူ...

ကုသိုလ်မယူ၊ အသက်ရှူ၊ ထိုသူသေ၍ နေတော့သည်။

အကုသိုလ်ကိုယူ၊ အသက်ရှူ၊ သူလည်းသေ၍ နေတော့သည်။
ကုသိုလ်ကိုယူ၊ အသက်ရှူ၊ ထိုသူမသေ ရှင်တော့သည်။
ကျေးဇူးတော်ရှင်ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ

အပြည့်အစုံသို့

27 Oct 2007

နိဗ္ဗာန်မြင်အောင်...

ကိုယ့်ကိုယ်ကိုသာ အားကိုးပါ၊ မြတ်စွာဗုဒ္ဓ မိန့်မှာသည်။
သူတစ်ပါးကို အားကိုးလို့ ဘာဆိုဘာမှ မရပြီ။
ကိုယ်ကိုယ်ကိုသာ အားကိုးပါ၊ ခေမာနိဗ္ဗာန် ရောက်နိုင်သည်။


ဒါပဲတွေးတော့၊ ဒါပဲစဉ်းစားတော့၊ ဒါပဲရတာပေါ့။
စာပဲတွေးတော့၊ စာပဲစဉ်းစားတော့၊ စာပဲရတာပေါ့။
တရားပဲတွေးတော့၊ တရားပဲစဉ်းစားတော့၊ တရားပဲရတာပေါ့။
ဆရာတော်အရှင်အာစာရာလင်္ကာရ(နိုင်ငံတော်ဘွဲ့တံဆိပ် ၉-ဘွဲ့ရ)

အပြည့်အစုံသို့

မတူညီခြင်းအကြောင်း...

လူချင်းမတူတာ ဘာကြောင့်လဲ။ ကံချင်းမတူလို့ပဲ။
ကံချင်းမတူတာ ဘာကြောင့်လဲ။ စိတ်ချင်းမတူလို့ပဲ။
စိတ်ချင်းမတူတာ ဘာကြောင့်လဲ။ အတွေးချင်း မတူလို့ပဲ။
ဆရာတော်အရှင်အာစာရာလင်္ကာရ(နိုင်ငံတော်ဘွဲ့တံဆိပ် ၉-ဘွဲ့ရ)

အပြည့်အစုံသို့

26 Oct 2007

တရားသဘော...

ရှိတဲ့တရားက ကျင့်တဲ့သူကို စောင့်ရှောက်သည်။

မရှိတဲ့တရားက ကျင့်တဲ့သူကို ဖျက်စီးသည်။
ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ

အပြည့်အစုံသို့

25 Oct 2007

မြန်မာကို ကမ္ဘာကလေးစားရေး...

ဖီလိုဆိုဖီခေါ် ဒဿနိကဗေဒသည် ဘ၀အကြောင်းနှင့် လောက အကြောင်းတို့ကို တွေးခေါ်ထားကြသည့် အတွေးအမြင်ဆိုင်ရာ ပညာဖြစ်သည်။ အနောက်တိုင်း ဒဿနိကပညာရှင်များသည် မောဟမျက်နှာဖုံးစွပ်လျက်နှင့် ပညတ်နယ်တွင် ဘ၀သစ္စာနှင့် လောကသစ္စာများကို ရှာဖွေနေကြရာ ယနေ့တိုင် မတွေ့ရှိကြသေး ပါ။

သူတို့ရှာကြံနေကြသော သစ္စာအမှန်တရားများအားလုံးသည် ဗုဒ္ဓ အဘိဓမ္မာတွင် အကုန်အရန်သင့်ရှိနေကြ၏။ မှန်ကန်ကြောင်း သိပ္ပံနည်းကျ လက်တွေ့ပြပြီးလည်းဖြစ်၏။ ဗုဒ္ဓအဘိဓမ္မာ ကမ္ဘာသိ အောင်လုပ်နိုင်လျှင် မြန်မာကို ကမ္ဘာကလေးစားလာရမည် ဖြစ်သ တည်း။
ဆရာကြီးဒေါက်တာမင်းတင်မွန်(ဓမ္မကထိက)

အပြည့်အစုံသို့

24 Oct 2007

မိုက်သူနှင့်လိမ္မာသူ...

မိုက်သူသည် မိမိလုပ်ငန်း မအောင်မြင်လျှင် တစ်ခြားသူများအပေါ် အပြစ်ဖို့၏။ ထို့ထက်လိမ္မာသူသည် မိမိကိုယ်ကိုမိမိ အပြစ်ဖို့၏။ အလိမ္မာဆုံးပုဂ္ဂိုလ်ကတော့ ဘယ်သူ့ကိုမှ အပြစ်မဖို့။
ဆရာတော်အရှင်ဇ၀န

အပြည့်အစုံသို့

သစ္စာမသိရင်...

သစ္စာမသိတဲ့ ပုဂ္ဂိုလ်ရဲ့ နေမြဲအိမ်ဟာ အပါယ်လေးပါးဆိုတော့ သစ္စာမသိရင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူတကာယ် ဒီလေးဘုံဟာ ကိုယ့်အိမ်နဲ့အလားတူပါပဲ။ သစ္စာမသိသူတွေ နေရမယ့်အိမ်၊ သွားရ မယ့်စခန်းပါပဲ။
ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး

အပြည့်အစုံသို့