အများအကျိုးကို အစဉ်ဆောင်ရွက်နေသူတို့၌ စိတ်ကောင်းနှင့်ယှဉ်ပြီး လုပ်ဆောင်မှုကြောင့် မိမိ၏ ထိုထိုကောင်းမှုတရားတို့ကို မလုပ်ခင်မှာရော၊ လုပ်နေစဉ်မှာရော၊ လုပ်ပြီးသည့်အခါမှာရော ၀မ်းမြောက်ဝမ်းသာဖြစ်ရ၏။အဖျက်တရားတို့နှင့်လည်း ကြုံတွေ့ရတတ်၏။ ထိုသို့ကြုံတွေ့ရသောအခါတွင် ကောင်းမွန်သောစိတ်အား မပျက်စီးစေရန် အရေးကြီးပေသည်။ စိတ်ကောင်းနှင့်သာ အမြဲယှဉ်ရာ၏။ အများအကျိုး၊ ရွက်သယ်ပိုးက၊ မဖဲ့စကောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင့်လော့။(ကျေးဇူးတော်ရှင် ရွှေဟင်းသာဆရာတော်ဘုရားကြီး)
10 Mar 2009
စိတ်ကောင်းနှင့်ယှဉ်
Posted by ထွန်းထွန်းလှိုင် ၊ အချိန် - 7:15 pm
Subscribe to:
Post Comments (Atom)
1 comment:
မူရင်းစာသားမှာ မဖဲ့မစောင်း ဖြစ်ပါသည် ရှင့်။
Post a Comment