14 Sept 2009

မြတ်သောအကျင့်တရား

သည်းခံခြင်းထက်လွန်သောတရားမည်သည် မရှိ။ သည်းခံခြင်းသည် မြတ်သောအကျင့် တရားဖြစ်ပေသည်။

သည်းခံခြင်းသည် နိဗ္ဗာန်ရောက်ကြောင်းတရား ပါရမီဖြည့်ကျင့်ရာ၌ အမိသည် သားသမီးတို့ကို အစဉ်သနားစောင့်ရှောက်သကဲ့သို့ တစ်ခြားသောပါရမီ (၉)ပါးတရားတို့အား မပျောက်ပျက်အောင် စောင့်ရှောက် ပေး၏။ ထိန်းပေးတတ်၏။ သည်းခံခြင်းတရား မရှိပါမူကား ကျန်သောပါရမီတရားများလည်း ပျက်စီး ပပျောက်တတ်ပေသည်။ ထို့ကြောင့် ခန္တီစ-သည်းခံခြင်းတရားကို အချိန်တိုင်း သတိကပ်၍ ဖြည့်ကျင့်ရာ၏။

အပြည့်အစုံသို့

10 Mar 2009

စိတ်ကောင်းနှင့်ယှဉ်

အများအကျိုးကို အစဉ်ဆောင်ရွက်နေသူတို့၌ စိတ်ကောင်းနှင့်ယှဉ်ပြီး လုပ်ဆောင်မှုကြောင့် မိမိ၏ ထိုထိုကောင်းမှုတရားတို့ကို မလုပ်ခင်မှာရော၊ လုပ်နေစဉ်မှာရော၊ လုပ်ပြီးသည့်အခါမှာရော ၀မ်းမြောက်ဝမ်းသာဖြစ်ရ၏။

အဖျက်တရားတို့နှင့်လည်း ကြုံတွေ့ရတတ်၏။ ထိုသို့ကြုံတွေ့ရသောအခါတွင် ကောင်းမွန်သောစိတ်အား မပျက်စီးစေရန် အရေးကြီးပေသည်။ စိတ်ကောင်းနှင့်သာ အမြဲယှဉ်ရာ၏။ အများအကျိုး၊ ရွက်သယ်ပိုးက၊ မဖဲ့စကောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင့်လော့။(ကျေးဇူးတော်ရှင် ရွှေဟင်းသာဆရာတော်ဘုရားကြီး)

အပြည့်အစုံသို့

ကုသိုလ်၊ အကုသိုလ်

ကုသိုလ်ကောင်းမှုတရားတို့၌ အမြဲမွေ့လျော်နေခြင်းသည် ကောင်းကျိုးချမ်းသာအဖြာဖြာတို့ ကိန်းဝပ်စည်ပင်နေခြင်းပင်ဖြစ်၏။

အကုသိုလ်တရားတို့၌ အမြဲမွေ့လျော်နေခြင်းသည်ကား ဆိုးကျိုးတရားတို့လာရောက်ရန် ဖိတ်ခေါ်နေခြင်းပင်ဖြစ်၏။ ကုသိုလ်ပြုနေသူကား မိမိကိုယ်ကို ချစ်သည်မည်၏။ အကုသိုလ်ပြုနေသူကား မိမိကိုယ်ကို နှိပ်စက်သည်မည်၏။ ထို့ကြောင့် ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌၊ တည်စေမင်း။

အပြည့်အစုံသို့

30 Dec 2008

လောကရဲ့ဒဏ် ကြံ့ကြံ့ခံ

လောကဓံတရားရှစ်ပါးဖြစ်သည့် လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြွေအရံပေါခြင်း၊ အခြွအရံ မရှိခြင်း၊ အချီးအမွမ်းခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ချမ်းသာနှင့်ပြည့်စုံစွာနေနိုင်ခြင်း၊ ဆင်းရဲခြင်းနှင့် ရင်ဆိုင်ရခြင်းစသည့် လောကဓံတရားများသည် မလွတ်မလပ် ဒလစပ် ကြုံတွေ့ရသည်မှာ လောက၏ ဖြစ်စဉ်ဓမ္မတာပင်ဖြစ်ပေသည်။ ထိုသို့ အကောင်းလောကဓံ၊ အဆိုးလောကဓံ တစ်လှည့်စီ ရိုက်ခတ်နေကြရာ အကောင်းနှင့် ကြုံတွေ့ရလို့လည်း မမြောက်ကြွရာ၊ အဆိုးနှင့် ကြုံတွေ့ရလို့လည်း စိတ်ဓာတ်မကျလေရာ။

အကောင်းနှင့် ကြုံတွေ့ရခြင်းသည် ကုသိုလ်အကျိုးပေး ကုသိုလ်ခွေးကိုက်သည်မည်၏။ အဆိုးနှင့်ကြုံတွေ့ရခြင်းသည် အကုသိုလ်အကျိုးပေး အကုသိုလ်ခွေး ကိုက်သည်မည်၏။ လောကသဘောသက်သက် တွေ့ကြုံရမြဲဓမ္မတာပင်ဖြစ်သည်ဟူ၍ ဉာဏ်ဖြင့်ဆင်ခြင်ရာ၏။ အမြဲမရှိခြင်း အနိစ္စ၊ ဆင်းရဲခြင်းဒုက္ခ၊ အနှစ်သာရမရှိခြင်း အနတ္တသဘောတရားတို့သာ ထင်ရှားတွေ့မြင်ရမည်ဖြစ်၏။

အပြည့်အစုံသို့

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

အလှူအားလုံးတွင် တရားအလှူသည်သာအမြတ်ဆုံးဖြစ်ပေသည်။ သေခြင်းတရားထက် ဆင်းရဲမည်သည် မရှိ။ တရားသည်ကား မသေရာကို ညွှန်ပြခြင်းဖြစ်၏။ မသေရတာလောက် ချမ်းသာမည်သည် မရှိ။


ထို့ကြောင့် မသေရာသို့ ပို့ဆောင်ပေးသည့်တရားအလှူကား အမွန်မြတ်ဆုံးပင်ဖြစ်၏။

အပြည့်အစုံသို့

8 Jan 2008

နှလုံးသွင်းမှန်ဘို့ အရေးကြီး...

မြေပဲစံမထည့်ပဲ ဆီရအောင် ကြိတ်နေခြင်းသည် အချိန်သာကုန် လူပင်ပန်းရုံသာဖြစ်မည်။ ဆီကား ထွက်လာလိမ့်မည် မဟုတ်ပေ။

ဆိုလိုသည်ကား နှလုံးသွင်းမမှန်ပဲ တရားအားထုတ်ခြင်းသည် အချိန်ကုန် လူပင်ပန်ပြီး တရားရလိမ့်မည် မဟုတ်ချေ။

အပြည့်အစုံသို့

22 Dec 2007

သတိတရား လက်ကိုင်ထားကြ…

သတိဝေး ကလေးဖြစ်တော့သည်။

သတိသည် အသိကို ကြိုးကိုင်နေသော မိဘအရာဝင်ဖြစ်ချေ၏။
သတိ မပါသူ၏ အာရုံခံစားမှုသည် မျက် မမြင်ထမင်းစားရာ မစားသင့်သည် များကိုလည်း မမြင်တော့သည့်ပမာသာဖြစ်၏။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

အပြည့်အစုံသို့