21 Oct 2007

လူသားတို့ရဲ့စိတ်ဆိုတာ...

နှလုံးသားမှာ ဘုရားတည်မပေးရင် လမ်းဘေးမှာရှိနေတဲ့ အမှိုက်ပုံး ကြီးလို ဖြစ်နေတတ်တယ်။ အမှိုက်ပုံတို့၊ အမှိုက်ပုံးတို့ဆိုတာ ထား တာကလည်း လမ်းဘေးမှာ၊ ရည်ရွယ်ချက်ကလည်းအမှိုက်ထည့် ဘို့ဆိုတော့ တွေ့တဲ့သူတွေက ကြုံရာအမှိုက်တွေထည့်သွားတယ်။

အမှိုက်တွေထည့်သွား၊ တံတွေးအညစ်အကြေးတွေ စွန့်သွား၊ ကွမ်းသွေးတွေ ထွေးသွား၊ ကောင်းတာတစ်ခုမှ မထည့်ပါဘူး။ ဒါမျိုး လိုဘဲ ပုထုဇဉ်တို့ရဲ့ စိတ်နှလုံးခန္ဓာအစဉ်ဟာလည်း နှလုံးသားထဲ တရားထည့်မပေးရင် အမှိုက်ပုံးကြီးလိုဖြစ်နေတယ်။ အမှိုက်က သူများတွေ လာထည့်တာမဟုတ်ဘူး။ ကိုယ့်ဟာကို ထည့်နေတာ။ လောဘက အမှိုက်တွေလာထည့်၊ ဒေါသက အမှိုက်တွေလာထည့်၊ ဣဿာ မစ္ဆရိယစတဲ့ ကိလေသာတွေကအမှိုက်တွေ လာထည့် တော့ နှလုံးသားထဲ တရားမထည့်ရင် အမှိုက်တွေ ရှုပ်ထွေး ပြည့်ကျပ်နေတယ်။
ကျေးဇူးတော်ရှင် တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက
(ယော)ဆရာတော်ဘုရားကြီးအရှင်သီရိန္ဒာဘိဝံသ

No comments: