14 Sept 2009

ရန်ကိုရန်ချင်း မတုန့်ညှင်းနှင့်၊ မေတ္တာဖြင့်သာ အောင်မြင်ရာ၏...

ရန်ဟူရာ၌ သူတစ်ပါးမှ မိမိအားကျေနပ်မှုမရှိအောင် ပြုလုပ်ခံရခြင်း၊ လက်တုန့်ပြန်ချင်စိတ် ပေါက်အောင် မိမိ၏ဒေါသစိတ်တို့ကို နှိုးဆွပေးခြင်း၊ လိုချင်တာမရလို့ မကျေမနပ်ဖြစ်ရခြင်း စသည့် လောကဓံတရားများပင်ဖြစ်ပေသည်။


ထိုလောကဓံတရားများနှင့် ရင်ဆိုင်ရတိုင်း လောကဒဏ်ရာ ကိုယ်သာနာ၊ စိတ်မှာမနာနှင့် ဆိုသည့် မြတ်ဗုဒ္ဓ၏ အဆုံးအမတော်အတိုင်း ဓမ္မကိုနှလုံးသွင်းခြင်းဖြင့် ရင်ဆိုင်ရာ၏။ တစ်နည်းအားဖြင့် ပြောရလျှင် အကုသိုလ်တရားများနှင့် ရင်ဆိုင်ရသည့်အခါ ဒေါသမဖြစ်လိုက်ပါနှင့်။ ၀မ်းမြောက်လိုက်ပါ။ ငါ့၌ အကုသိုလ်အကျိုးပေး အကြွေးများကျေပြီ ဟူ၍ ၀မ်းမြောက်ရာ၏။ သည်းခံခြင်းထက် ကြီးမားသောထုထည်သည်ကား လောက၌မရှိပေ။ မြတ်သောအကျင့်၊ ဂုဏ်ယူဝင့်အောင်၊ မလွင့်သတိ၊ မြဲစွာရှိစေ၊ မိမိကိုယ်သာ၊ အားကိုးရာ။

အပြည့်အစုံသို့

မြတ်သောအကျင့်တရား

သည်းခံခြင်းထက်လွန်သောတရားမည်သည် မရှိ။ သည်းခံခြင်းသည် မြတ်သောအကျင့် တရားဖြစ်ပေသည်။

သည်းခံခြင်းသည် နိဗ္ဗာန်ရောက်ကြောင်းတရား ပါရမီဖြည့်ကျင့်ရာ၌ အမိသည် သားသမီးတို့ကို အစဉ်သနားစောင့်ရှောက်သကဲ့သို့ တစ်ခြားသောပါရမီ (၉)ပါးတရားတို့အား မပျောက်ပျက်အောင် စောင့်ရှောက် ပေး၏။ ထိန်းပေးတတ်၏။ သည်းခံခြင်းတရား မရှိပါမူကား ကျန်သောပါရမီတရားများလည်း ပျက်စီး ပပျောက်တတ်ပေသည်။ ထို့ကြောင့် ခန္တီစ-သည်းခံခြင်းတရားကို အချိန်တိုင်း သတိကပ်၍ ဖြည့်ကျင့်ရာ၏။

အပြည့်အစုံသို့

10 Mar 2009

စိတ်ကောင်းနှင့်ယှဉ်

အများအကျိုးကို အစဉ်ဆောင်ရွက်နေသူတို့၌ စိတ်ကောင်းနှင့်ယှဉ်ပြီး လုပ်ဆောင်မှုကြောင့် မိမိ၏ ထိုထိုကောင်းမှုတရားတို့ကို မလုပ်ခင်မှာရော၊ လုပ်နေစဉ်မှာရော၊ လုပ်ပြီးသည့်အခါမှာရော ၀မ်းမြောက်ဝမ်းသာဖြစ်ရ၏။

အဖျက်တရားတို့နှင့်လည်း ကြုံတွေ့ရတတ်၏။ ထိုသို့ကြုံတွေ့ရသောအခါတွင် ကောင်းမွန်သောစိတ်အား မပျက်စီးစေရန် အရေးကြီးပေသည်။ စိတ်ကောင်းနှင့်သာ အမြဲယှဉ်ရာ၏။ အများအကျိုး၊ ရွက်သယ်ပိုးက၊ မဖဲ့စကောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင့်လော့။(ကျေးဇူးတော်ရှင် ရွှေဟင်းသာဆရာတော်ဘုရားကြီး)

အပြည့်အစုံသို့

ကုသိုလ်၊ အကုသိုလ်

ကုသိုလ်ကောင်းမှုတရားတို့၌ အမြဲမွေ့လျော်နေခြင်းသည် ကောင်းကျိုးချမ်းသာအဖြာဖြာတို့ ကိန်းဝပ်စည်ပင်နေခြင်းပင်ဖြစ်၏။

အကုသိုလ်တရားတို့၌ အမြဲမွေ့လျော်နေခြင်းသည်ကား ဆိုးကျိုးတရားတို့လာရောက်ရန် ဖိတ်ခေါ်နေခြင်းပင်ဖြစ်၏။ ကုသိုလ်ပြုနေသူကား မိမိကိုယ်ကို ချစ်သည်မည်၏။ အကုသိုလ်ပြုနေသူကား မိမိကိုယ်ကို နှိပ်စက်သည်မည်၏။ ထို့ကြောင့် ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌၊ တည်စေမင်း။

အပြည့်အစုံသို့