10 Mar 2009

စိတ်ကောင်းနှင့်ယှဉ်

အများအကျိုးကို အစဉ်ဆောင်ရွက်နေသူတို့၌ စိတ်ကောင်းနှင့်ယှဉ်ပြီး လုပ်ဆောင်မှုကြောင့် မိမိ၏ ထိုထိုကောင်းမှုတရားတို့ကို မလုပ်ခင်မှာရော၊ လုပ်နေစဉ်မှာရော၊ လုပ်ပြီးသည့်အခါမှာရော ၀မ်းမြောက်ဝမ်းသာဖြစ်ရ၏။

အဖျက်တရားတို့နှင့်လည်း ကြုံတွေ့ရတတ်၏။ ထိုသို့ကြုံတွေ့ရသောအခါတွင် ကောင်းမွန်သောစိတ်အား မပျက်စီးစေရန် အရေးကြီးပေသည်။ စိတ်ကောင်းနှင့်သာ အမြဲယှဉ်ရာ၏။ အများအကျိုး၊ ရွက်သယ်ပိုးက၊ မဖဲ့စကောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင့်လော့။(ကျေးဇူးတော်ရှင် ရွှေဟင်းသာဆရာတော်ဘုရားကြီး)

အပြည့်အစုံသို့

ကုသိုလ်၊ အကုသိုလ်

ကုသိုလ်ကောင်းမှုတရားတို့၌ အမြဲမွေ့လျော်နေခြင်းသည် ကောင်းကျိုးချမ်းသာအဖြာဖြာတို့ ကိန်းဝပ်စည်ပင်နေခြင်းပင်ဖြစ်၏။

အကုသိုလ်တရားတို့၌ အမြဲမွေ့လျော်နေခြင်းသည်ကား ဆိုးကျိုးတရားတို့လာရောက်ရန် ဖိတ်ခေါ်နေခြင်းပင်ဖြစ်၏။ ကုသိုလ်ပြုနေသူကား မိမိကိုယ်ကို ချစ်သည်မည်၏။ အကုသိုလ်ပြုနေသူကား မိမိကိုယ်ကို နှိပ်စက်သည်မည်၏။ ထို့ကြောင့် ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌၊ တည်စေမင်း။

အပြည့်အစုံသို့