10 Mar 2009

ကုသိုလ်၊ အကုသိုလ်

ကုသိုလ်ကောင်းမှုတရားတို့၌ အမြဲမွေ့လျော်နေခြင်းသည် ကောင်းကျိုးချမ်းသာအဖြာဖြာတို့ ကိန်းဝပ်စည်ပင်နေခြင်းပင်ဖြစ်၏။

အကုသိုလ်တရားတို့၌ အမြဲမွေ့လျော်နေခြင်းသည်ကား ဆိုးကျိုးတရားတို့လာရောက်ရန် ဖိတ်ခေါ်နေခြင်းပင်ဖြစ်၏။ ကုသိုလ်ပြုနေသူကား မိမိကိုယ်ကို ချစ်သည်မည်၏။ အကုသိုလ်ပြုနေသူကား မိမိကိုယ်ကို နှိပ်စက်သည်မည်၏။ ထို့ကြောင့် ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌၊ တည်စေမင်း။

No comments: