သည်းခံခြင်းထက်လွန်သောတရားမည်သည် မရှိ။ သည်းခံခြင်းသည် မြတ်သောအကျင့် တရားဖြစ်ပေသည်။
သည်းခံခြင်းသည် နိဗ္ဗာန်ရောက်ကြောင်းတရား ပါရမီဖြည့်ကျင့်ရာ၌ အမိသည် သားသမီးတို့ကို အစဉ်သနားစောင့်ရှောက်သကဲ့သို့ တစ်ခြားသောပါရမီ (၉)ပါးတရားတို့အား မပျောက်ပျက်အောင် စောင့်ရှောက် ပေး၏။ ထိန်းပေးတတ်၏။ သည်းခံခြင်းတရား မရှိပါမူကား ကျန်သောပါရမီတရားများလည်း ပျက်စီး ပပျောက်တတ်ပေသည်။ ထို့ကြောင့် ခန္တီစ-သည်းခံခြင်းတရားကို အချိန်တိုင်း သတိကပ်၍ ဖြည့်ကျင့်ရာ၏။
No comments:
Post a Comment