သတိတရားသည် တည့်မတ်စွာ လျှောက်လှမ်းနိုင်ဖို့ အရေးကြီးသော သော့ဖြစ်၏။ မည်မျှ ကွေ့ကောက်ပိတ်ပင်ထားသော မောဟအမှောင်ထု
ကိလေသာမုန်တိုင်းကြီးတွင်း ရောက်နေပါစေ သတိဖြင့် စူးစိုက်ကြည့်ရှု၍ ပညာလက်နက်ဖြင့် ဖြိုခွင်းလိုက်ပါက အမှောင်ထု၏နောက်ကွယ်မှ အလင်းဓာတ်ကို မြင်ရမည်ဖြစ်ပေသည်။
ထို သတိ ပညာ နှစ်ပါးသည် ဒွန်တွဲပြီးနေရမည့်တရားများဖြစ်၏။ သတိက စူးစူးစိုက်စိုက် ကြည့်ရှုတတ်ပြီး ပညာက အပိုင်းပိုင်း ခွဲခြားတတ်သောကြောင့် သာမာန်အားဖြင့် မမြင်နိုင်သည့် မသေသဘော အမတဓာတ်ကိုပင် မြင်နိုင်လေသည်။
11 Dec 2012
1 Dec 2012
ခက်ခြင်းနှင့်လွယ်ခြင်း
ခက်ခြင်းသည် တရားလေးပါးပျောက်နေခြင်းကြောင့် ဘာလုပ်လုပ်ခက်နေခြင်းဖြစ်၏။ တရားလေးပါးရှိပါက ဘာမဆိုလွယ်သွားတော့သည်။ ထို တရားလေးပါးမှာ- လုပ်ချင်သည့် စိတ်ဆန္ဒ၊
လုပ်တတ်သည့် ပညာ၊ အားထုတ်နေကျဖြစ်သော ၀ီရိယတရားတို့ဖြစ်၏။ ၎င်း စိတ်၊ ဆန္ဒ၊ ၀ီရိယ၊
ပညာဆိုသည့် အဓိပတိတရားလေးပါးသာ ထည့်လုပ်၊ ဘာလုပ်လုပ် လွယ်ကူပြီး
အောင်မြင်မှာ သေချာပေသည်။
Posted by
ထွန်းထွန်းလှိုင်
၊ အချိန် -
11:30 pm
0
ဓမ္မဒါနပြုပါသည်။
Subscribe to:
Posts (Atom)