27 Aug 2013

ရဲသော်မသေ သေသော်ငရဲမလား

ကုသိုလ်ကောင်းမှုပြုရာ၌ မှန်ရာကို ရဲရင့်စွာပြုရာ၏။ ရဲသော်မသေ သေသော်ငရဲမလားပေ။ ဘုရားက ထောက်ခံလျှင် လှေခွက်ချည်းကျန် အလံမလှဲနှင့်။ ရဲရဲရင့်ရင့် သတ္တိရှိရှိဖြင့်သာ ဆောင်ရွက်ရာ၏။ ဗုဒ္ဓဘာသာဝင်အမျိုးသမီးအချို့ တို့သည် ဥစ္စာဓနကိုမက်၊ တဏှာဖြင့် ရောယှက်၍ မောဟဖြင့်ဖက်ကာ မူဆလင်သူဌေးကတော်ဖြစ်ချင်လှ၍ လောက၏ထွတ်ခေါင် ကျေးဇူးတော်အနန္တနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားကိုပင် ပြောင်ပြောင်တင်းတင်းပြစ်မှားမိကြကုန်၏။ သေတစ်ပန်ဆင်းရဲမက သံသရာဝဲသြဃမှာ နစ်မျောရရှာတော့မည်။ အူမ,မတောင့်ကြလို့ သီလတွေမစောင့်ကြပါလျှင် အချိန်တိုင်း လိုအပ်နေတဲ့ ဒုက္ခဘုံမှာ ဘယ်အချိန် သီလစောင့်ကြတော့အံ့နည်း။ ထောက်ချင့်လို့ တွေးကြပါကုန်၊ သေရက်တွေနီးလျက်သာ အပြစ်တွေ တောင်လိုပုံနေပေသည်။

No comments: